မေးပါ၇စေ.
.
မြေနှိပ့်ရာ လှံစိုက်ချင်သူတွေလက်မှာ..
ကယ်တင်ခြင်းဆိုတာ..
တကယ်ရှိပါ့မလား...။
အားငယ်သူကို မဖေးကူ..
စာနာမူ့နဲ့ မကမ်းတဲ့လက်တွေကိုမှ
ကျမက လိုချင်သတဲ့...
ဒါဟာ အမှားတစ်ခုကို..
ကျူးလွန်ရာေ၇ာက်သလား..

ကိုယ် တတ်ထားတဲ့
ဘာသာစကားနဲ့...
ကိုယ်မြတ်နိုးတဲ့ စာ၇ွှတ်ပေါ်
လွတ်လပ်ခြင်းငတ်မွတ်မူ့တစ်ချို့  ချေ၇းမိခြင်းဟာ...
အနုပညာမမြှောက်လို့လား...
အမှားတစ်ချို့ အတွတ် တရားတစ်ချို့ ကိုပဲ
လွှင့်ပစ်၇တော့မလိုလို...။

လိုရင်းက ဘာလည်း..
မတွေးတတ်တဲ့ခေါင်းတွေမှာ..
သူတို့ မြင်တတ်ဖို့...
ကိုယ့်အိမ်မက်တွေကိုပဲ..
ခူးဆွတ်ပေး၇တော့ မလိုလိုပါပဲ...။
မေးလိုက်ပါရစေ..

စာတတ်သူတို့ရဲ့ နူတ်ကပတ်မှာ..
အသိတရားတို့ ကိန်းဝင်ရာအ၇ပ်
ဖြစ်လို့လား....
အုတ်တစ်ချတ်သဲတစ်ပွင့်နဲ့
နိုင်ရာဝန်ထမ်းပါရစေဆိုကာမှ..
နင်က ဘာဘာညာညာဆိုပြီး..
ခွဲခြားသတဲ့လေ...
ရီချင်တယ် ကြည်ခင်၇ယ်..လို့ပဲ..
ပြောလိုက်ချင်တော့တယ်..။
ပြောတာတော့ အများတွက်.
အများကြီးတော့ အမြင်မကျယ်..
အများတွက်တော့ ရင်လေးပါရဲ့လေ..။

ပတ္တမြားမှန် နွံမနစ်..ဆိုလည်း..
နွံညစ် သွားတဲ့ ပတ္တမြား..
စေတနာတွေဟာ အလကား ဖြစ်ရတယ်..
ကိုယ့်စကားမှန်ရင်..
ကိုယ့်တရားမှန်ရင်..
ကိုယ့်စေတနာ မှန်၇င်..
ကိုယ့်လုပ်ရပ်မှန်ရင်..
ကိုယ့်အနားမှာ ဘယ်သူမှ မရှိရင်နေပါစေ..
ကိုယ့်တရားတွေတော့..
လွယ်လွယ်နဲ့ လွှင့်မပစ်ဘူး...။

နှမ်းတစ်စေ့နဲ့သာ..
ဆီဖြစ်မယ်ဆို..အပင်ပန်းခံ
ငါ့နှမ်းတွေတော့ မစိုက်တော့ဘူး..
ကိုယ်မှန်တယ်ထင်၇ုံနဲ့..
မပုတ်ခတ်နဲ့..
ကိုယ်လုပ်ခဲ့တာနဲ့
ကိုယ်လုပ်ရပ် ပြန်ကာလှည့်လို့ကြည့်..
ကိုယ်လုပ်ခဲ့တာတွေပဲ..
အမှန်တွေလို့ ထင်လား...။

မေးပါရစေ....

2 comments:

Candy said...

တချို့သူတွေကိုတော့ လစ်လျူရှုလိုက်တာ အကောင်းဆုံးပါ :)

Anonymous said...

အင်ကြင်းရေ... ခံစားချက်ကဗျာလေး ဖတ်သွားပါတယ်။ တစ်ခု အကြံပြုချင်တယ်.. နောက်ခံအဖြူေ၇ာင်က စာလုံးအေ၇ာင်က သိပ်မထင်ဘူးဖြစ်နေတယ်။ အဆင်ပြေပြီး အင်ကြင်းသဘောကျနိုင်မယ့်အေ၇ာင် ပြောင်းကြည့်ပါလား။ ဖတ်တဲ့သူတွေလဲ ပိုအဆင်ပြေတာပေါ့...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ