ဖတ်ကြည့်ပါ....(သင့်အတွက်တစ်စုံတစ်ခုတော့ ရမှာပါ)

.
တစ်ယောက်အပြစ်တစ်ယောက်တင်...
တစ်ယောက်အသက်တစ်ယောက်မငဲ့...
အသက်တွေ..အသက်တွေ...
စတေးတဲ့ဒီတောဒီတောင်ဒီရေဒီမြေမလှ..
ဒီသဘာဝတွေလည်း..
ယမ်းငွေ့တွေထဲ..
မွန်းကြပ်နေဆဲ....
ရာစုတွေထဲနစ်မွန်းစေခဲ့တာလည်း..
ကြာခဲ့ပါပြီ..မောင်မျိုးချစ်..။
သေသူ သတ်သူ ...
သွေးရင်းတူတွေသတ်တဲ့ပွဲမှာ
ဘယ်သူ့ဘတ်ကလတ်ခုပ်လတ်ဝါး..
ငါတို့အားပေးရမလည်း...အမောင်မျိုးချစ်။
ဘယ်ဘတ်ကသေသေ..
သေသူတိုင်းဟာ ငါသွေးသားတွေပါ...အမောင်မျိုးချစ်..။
တော်ကြပါတော့....
၇ပ်စမ်းပါတော့...
တို့တွေသွေးစီး
ချောင်းကြီးလည်းဖြစ်ေ၇ာ့ပြီ...အမောင်မျိုးချစ်။
ဝါဒအစွဲ ၊ ဂိုဏ်းခွဲအလံထူ..
သူတစ်မျိုးငါတမျိုးနဲ့...
ငါတို့အမျိုးတွေပဲ ဆုံးပါးရတယ်..မောင်မျိုးချစ်..။
ညီညွှတ်တရား မုဒိတာပွားလို့..
တစ်ယောက်လက် တစ်ယောက်ဆွဲ....
တစ်ယောက်လဲမူတစ်ယောက်ထူ...
ညှာတာဖေးမမေတ္တာမျှလို့
တို့ေ၇တို့မြေ အလှတွေဝေကြ စေဦး မောင်မျိုးချစ်..။
ခေတ်အဆက်ပျက်ယွင်း...
စစ်ရဲ့ ဖိနပ်သံတွေပျောက်စမှာ..
မာန်မာနတွေခဏထားလို့...
တို့ရဲ့မြေပုံအလှတို့နိုင်ငံလေး...
.ငြိမ်းအေးပါစေဦး..
အေးချမ်းပါစေဦး....




အချစ် နောက်ကို လိုက်ရင်း
အသည်းနှလုံးကို ပေးဆပ်ခဲ့ရသည်
ပျော်ရွှင်ခြင်း ( သို့ မဟုတ် ) အလွမ်းတွေကို ပိုင်ဆိုင်ခဲ့သည်

မနေ့က အိပ်မက်တွေက ဒီနေ့အသက်ရှင်ဖို့ 
မျှော်လင့်ချက်တွေကို . . . ထုတ်လုပ်လိုက်တယ်
ရေရာမှု (သို့ မဟုတ်) . . . မရေမရာမှုကို ပိုင်ဆိုင်ခဲ့သည်

 အဲ့ဒီ မရေရာမှုတွေကိုပဲ တွယ်တာခဲ့ပါတယ်
ရင်ခုန်သံတွေရပ်တဲ့အထိပေါ့
နောက်ဆုံးဆိုင်တာက
ကျွန်မကိုကျွန်မ
ပိုင်ဆိုင်
တာက
 သူ
သူနဲ့ 
ကျွန်မ
 မတူခဲ့ဘူး

ကိုယ့်ကိုယ်ကိုလွင့်ပစ်ထားဖို့ တောင်မှ
ကိုယ့်ကိုယ်ကို မပိုင်ဘူး
သူကလဲ
ကျွန်မနဲ့ 
ဘာမှမဆိုင်ဘူး


 
လှပတဲ့ အနာဂတ်ကို မကြိုချင်တဲ့သူရှိပါမလား

အနာဂတ်ကရော လှပဖို့ဆိုတာ သေချာပါမလား

တနေနေ့တော့

အဲဒီတနေနေ့ ဆိုတဲ့မျော်လင့်ချက်နဲ့

ဒို့ခုထိ ရှင်သန်နေတုန်းပါ .......

ချစ်သူ ရယ်

လွမ်းနေတဲ့ညတွေမှာ

မြင်စေချင်ခဲ့တာပါ

မင်းထားခဲ့တဲ့

အလွမ်းတွေလည်း

ငါရင်နဲ့တောင် မဆံ့တော့ပါဘူး

တနေနေ့ဆိုတဲ့........


အဆုံးစွန်ဆုံးကိုချစ်တတ်သူတွေဟာ
အဆုံးစွန်ဆုံးဖြစ်လာသမျှကို
ခံနိုင်ရည်ရှိအောင်အားမွေးထားတတ်ကြတယ်
အဆိုးဆုံးအခြေအနေကိုလဲ
အကောင်းဆုံးဖြစ်အောင်ခွင့်လွတ်တတ်ကြတယ်
အမုန်းဆုံးအခြေအနေရောက်ရင်လဲ
အချစ်ဆုံးပြန်ဖြစ်မလာနိုင်ရင်တောင်
မေတ္တာမပျက်ဆက်ချစ်နိုင်ကြတယ်
အချစ်ဆိုတာ နှလုံးသားထဲကို
စူးဝင်သွားတဲ့မြှားတစ်စင်းလိုပဲ
သေရာပါအနှုတ်ခက်တဲ့အရာပါ
နာကျင်စွာခံစားနေရပေမဲ့
နှလုံးသားကမြှားကိုအနှုတ်မခံ
လက်ခံထားနေဆဲမို့
ချစ်သူရေ ဘာဘဲဖြစ်ဖြစ်
မင်းရင်ထဲကပါသည်ဖြစ်စေ
မပါသည်လည်းဖြစ်ပါစေ
မင်းဆိုပြတဲ့အသဲကွဲသီချင်းတစ်ပုဒ်နဲ့
အချစ်ဓါတ်ခံကြီးတဲ့ငါလေ
ငါ့ကိုယ်ငါ ငါမယုံကြည်တော့
ငါ့နှလုံးသားကတောင်းဆိုသံကို ငါပြန်ကြားနေရ
ချစ်မြဲချစ်လိုက်စမ်းပါတဲ့
ဦးနှောက်နဲ့နှလုံးသားကို
မလွန်ဆန်နိုင်တဲ့ ငါ့ရဲ့  ပါးစပ်
အလိုလိုနေရင်းလွတ်ကနဲပြောမိ
အရင်လိုချစ်နေဆဲပါချစ်သူရယ်...တဲ့



ပျော်ရွင်ခြင်းတွေ သီချင်းမဖြစ်တော့တာ
အဲဒီ့မနက်ခင်းမှာပေါ့။
မြုံနေတဲ့စိတ်က ငါ့ကိုဒဏ်ခတ်တော့
နှလုံးသားဆတ်ဆတ်ခါ နာကျင်ရ။
ဟော့ဒီ့ရင်ဘတ်ပေါ် တအိအိပြိုကျနေတဲ့
အလွမ်းတွေ
မြင်မကောင်းဘူး။
ဝေးနေတဲ့ ပင်လယ်တွေကိုသာ
ရွှံမုန်းမိရဲ့။
နင်က ကောင်းကင်ဘုံမှာ ထိုးစိုက်ထားတဲ့
နှင်းဆီတစ်ပွင့်လို
ခမ်းနားမှုနဲ့အတူ အစွမ်းကုန်တောက်ပနေတဲ့
ကြယ်တစ်ပွင့်။
ငါက နင့်ထည်ဝါမှုတွေအောက်
ပျောက်ဆုံးသွားတဲ့ အမှုန်အမွှားတစ်စ
လမ်းဘေးကကြယ်။
လမင်းကိုမှတောင်းခံမိသူ
ကလေးငယ်လို
အဲဒီ့လမင်းရဲ့လစ်လျူရှုမှုမှာ
သူ့ရှက်ရွှံ့မှုတွေကို သိမ်းဆည်း
ဝေးနေတဲ့ပင်လယ်တွေကိုသာ
ကြည့်ငေးယုံ။ ။