ရှုံးပြီလို့ နားလည်လိုက် လက်ခံလိုက်
နောက်တစ်ပွဲ ပြန်စဖို့ အားမွေး

ဘ၀ဆိုတာ တစ်ပွဲထဲနဲ့
ပြီးသွားမယ့် ကစားနည်းမဟုတ်

တစ်ပွဲပြီးတစ်ပွဲ
တစ်နေ့ပြီး နောက်တစ်နေ့
လှေကားထစ် တစ်ထစ်ပြီး နောက်တစ်ထစ်

တစ်ရစ်ပြီး တစ်ရစ် စီးနင်း
မသေ မချင်း ရှင်သန် နေရဦးမှာ

အတက်နှေးရင် နှေးပါစေ
တက်ပြီးရင် ပြန် မကျ စေနဲ့ပေါ့

အမြင့်ကြောက်တဲ့ ရောဂါရှိရင်တော့
အစတည်းက မစနဲ့ပေါ့

ကိုယ့်ဘ၀ ကျဉ်းကျဉ်းလေးထဲမှာ
မသက်မသာ ခွေပြီးနေ

ပြီးသွားရင်လည်း
အဲ့ဒီအတိုင်းပဲ ပြီးသွားလိမ့်မယ်

လေ့ကျင့်မှု
အခြေခံထားတဲ့ အတတ်ပညာလို
ရေရှည်မှာ ကျွမ်းကျင်မှုဟာ ဖူးပွင့်လာမှာပါ

ဒါဟာ နည်းပညာရဲ့
နောက်ဆုံးတွေ့ရှိချက် ရလာဒ်အသစ်ပဲ

နောက်ဆုံးဆိုတာလည်း
သီအိုရီအရ
အချိန် . . . အလျင် . . .
အရာဝတ္တုတွေ ရှိနေသမျှ
နောက်ဆုံးဆိုတာလည်း ဘယ်တော့မှ မဆုံးဘူး

အဲ့ဒီလိုနဲ့ . . . ဟယ်လို
မတွေ့ရတာ တော်တော်ကြာနေပြီ
အစစ အရာရာ ကျန်းမာပါရဲ့လားးးးးးးးးးးး

အမှောင်နဲ့အတူ
ကျွံဝင်လာတဲ့ ငြင်းဆန်ရန်ခက်
စကားလုံးများ ကျွန်မ ရှိနေဖြစ်သေးတယ်

အားမတန် မာန်လျှော့တဲ့ ဇာတ်လမ်းမှာ
ခါး မသန်သူက ခါချဉ်ကောင်

နာကျင်အောင် မထိတထိ
လှောင်လှောင်နေတဲ့ လောကဓံ

ပွဲစဉ်ပေါင်း မြောက်မြားစွာ ကစားရတဲ့
ကစားနည်းမှာ တစ်ပွဲ ရှုံးရုံနဲ့ ပွဲပြီး မသွားဘူးပေါ့ ဘ၀ရယ်

အဲ့သလို . . . . . .
. . . . . . . . .

မထီတရီ ပြီတီတီ
တစ်ချီပြီး တစ်ချီ ပြန်အလဲထိုးဖို့
မပျက်မကွက် တစ်ထစ်ပြီး တစ်ရစ်
ဆက်ဆက် တက်လာပါဦးမယ် မျှော်လို့တော့ နေဦးပေါ့


တော်ဝင်နန်း

မွေးနေ့ဖွင့်ဆိုချက်






စာရေးဘို့ မအားလို့ ကဗျာလေးပဲဖတ်ပါ.....ချစ်သောသူငယ်ချင်းများ



အနှစ် နှစ်ဆယ့်ခြောက်နှစ်ကျော် ဖြတ်သန်းခဲ့ပြီးသော လူ့ဘ၀မှာ

မျက်ရည်တွေက ငါ့အတွက် ခါးသီးလွန်းနေဆဲပဲ

မိန်းမတစ်ယောက်အပေါ် ရိုက်ခတ်နေတဲ့

လှိုင်းတွေက ဒီနေ့အထိ မရပ်သေးဘူး

ဘာကိုမှ မမျှော်လင့်ချင်တော့တဲ့

နေ့ရက်တွေထဲ

လောင်ကျွမ်းနေတဲ့ ဒုက္ခတွေသာ

အကောင်း ပကတိ ရရှိခဲ့

မိတ်ဆွေ ပန်းချီဆရာ တစ်ယောက်ကတော့

“ လှိုင်းလေပြင်းထန်တဲ့ ရေပြင်ပေါ်မိန်းမသားတစ်ယောက်အနေနဲ့

ကြံကြံခံ လှော်တက် ဆန်တက်နေခြင်းကို

လေးစားတန်ဖိုးထားရပါတယ် ” လို့

လက်ဆောင် ပန်းချီကား နောက်ကျောမှာ ရေးထားရဲ့

အငြင်းပွားစရာ မလိုပါဘူး အဲ့ဒီ ရေပြင်ပေါ်မှာ

သွေးထိုးစမ်းချင်တဲ့ ယောက်ျားတွေရဲ့

အကြည့်စူးစူးတွေ ရှိတယ်

စကားလုံးတွေနဲ့

စော်ကားဖို့ ၀န်မလေးတဲ့

မင်းသား ခေါင်းဆောင်း ဘီလူးတွေ ရှိတယ်

မနာလိုခြင်းတွေ တောက်လောင်နေတဲ့ မျက်ဝန်းတွေ ရှိတယ်

တစ်နေ့ပြီးတစ်နေ့ ပိုမာကျောလာတဲ့ ခံနိုင်ရည်တွေက

ငါ့ မွေးနေ့ပေါင်း များစွာကို အရောင် တင်ပေးခဲ့ကြတယ်

ဘယ်အရာကိုမှလည်း အရှုံးမပေးတဲ့ ဘာကိုမှလည်း ဦးမညွတ်တဲ့

ဗေဒါ တစ်ပွင့်ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်နဲ့သာ

လောကဓံ ရေပြင်ပေါ်

ငါက မာနတွေနဲ့ ဦးမော့နေမိဆဲ

တိုတောင်းလွန်းတဲ့

ခဏငယ်ပေါင်းများစွာထဲမှာ

မွေးနေ့က

“ရင့်ကျက်မှု”ကို

ငါ့ဆီ ယူဆောင်လာခဲ့တယ်

ငါ့ ရင်နံရံ တစ်ခုလုံးကို ဖွင့်ဖောက်ကြည့်လိုက်ရင်

တစ်စက်ချင်းစီတိုင်းမှာ စွေးစွေးနီနေတဲ့

ရဲရင့်ခြင်း သွေးတွေကိုပဲ

တွေ့ ရ လိမ့် မယ်

မိန်းမတစ်ယောက်ရဲ့

မာ န တွေ ဆို တာ

လောကဓံ လှိုင်းတွေ ရိုက်ခတ်မှ

ပို စွင့်ကားလာတဲ့ “ဗေဒါပွင့်”တွေပေါ့


တော်ဝင်နန်း
နန်းအတွက်မွေးနေ့လက်ဆောင်ပါ
မင်းနဲ့လိုက်ဖက်တဲ့ကဗျာလေးပေါ့။


အချစ်နဲ့စစ်မှာ
မတရားတာ မရှိဘူးဆိုတဲ့
ကမ္ပည်း လှလှတပ်ကာ
အသည်းနှလုံးကို
ဆုလဒ်ထားပြီး
ချစ်တမ်းကစားချင်တယ်တဲ့လား ....

အလျော်အစားအဖြစ်
သံယောဇဉ်ကို မင်းလောင်းကြေးထပ်နိုင်ရင်
ရလဒ်ကို ရင်ဆိုင်ရဲရင်
ရှုံးမဲ မမဲဘူးဆိုရင်
စဉ်းစားပေးပါ့မယ် ....

င့ါအသည်းခွဲဖို့
ငါ့မျက်ရည် မြေကျဖို့
ငါ့သိက္ခာကို ထိပါးဖို့
ရည်၇ွယ်တယ်ဆို
လုပ်ကြည့်လိုက်လေ ...

စိန်ခေါ်တာ မဟုတ်ပေမယ့်
စိန်လာခေါ်ရင်တော့
သွေးကြောင်ပြီး နောက်မဆုတ်တတ်ပါဘူး ...

မန်ကျည်းကိုးပင်မာယာအောက်မှာ
ခပ်ညံ့ညံ့ဒူးထောက်မယ့်
လူမဟုတ်တာမို့
အချစ်ကို game တစ်ခုလို
သဘောထားပြီး
ရှုံး၊ထွက်ပြိုင်ပွဲတစ်ခုကို
ယှဉ်ပြိုင်ဝံ့ပါတယ် ...

သုံးနေကျ သီအိုရီကိုလက်ကိုင်ထားပြီး
တွေ့နေကျ မိန်းကလေးပုံစံထင်လို့
ပြောနေကျ စကားတွေနဲ့
ဖြားယောင်းနိုင်မယ်ထင်ရင်
မှားသွားလိမ့်မယ်နော် ....

ဖြူစင်တဲ့ အချစ်မဟုတ်ဘဲ
ပေါပေါပဲပဲထင်လို့
လာသွေးစမ်းရင်တော့
သတ္တိ မနည်းပါဘူး ...

သရေမဟုတ်တဲ့
အနိုင်၊အရှုံး အဖြေပေါ်တဲ့အထိ
မိန်းမတစ်ယောက်ရဲ့ သိက္ခာနဲ့မာနအတွက်
နောက်မဆုတ်ဘဲ
ရင်ဆိုင်စတမ်းပေါ့ ....

လွယ်မယ်ထင်ရင်
သိမ်းပိုက်ကြည့်လေ
ငါ့အချစ်ကို
ရနိုင်လားလို့ ..
သ စ္စာ
. . . . . .
. . . . . . . .

ဆို

တဲ့

စ ကား ကို


နား ခါးေ လာ က်ေ အာ င်

ေ ရ

ရွ တ်

မှာ

မ ဟု တ် ဘူး

အ ထ ပ် ထ ပ် အ ခါ ခါ က တိေ တွ ထား ပြီး ခါ မှ

အ မှား တ စ် ခု ကို စုံ န င်း

ေ ရှာ င် ကွ င်းေ ပြး ထွ က် မ ယ့် သူ မ ဟု တ် ဘူး


ရ င် ထဲ ထ ည့် ပြီး လို က် ပြီ ဆို မှ


အား န ည်း ချ က် ရှာ ပြီး လ မ်း ခွဲ

အ သ စ် တ စ် ယော က် တွဲ မ ယ့် လူ မ ဟု တ် ဘူး


. . . ဒါေ ပ မ ယ့် . . .

သူ မ ကြ င် လို့ မ ခင် တော့ ရင်

သူ အ သ စ် မြ င် လို့

သ စ္စာ မ သိ ရ င်

ဒီ က လ ည်း

အ ချ စ် ကို ဦး ညွ တ်

နွံ တ စ် ခု ထဲ အ န စ် ခံ လို့

ေ မ တ္တာ ကျွ န်

ဖြ စ်ေ န မ ယ့် လူ မ ဟု တ် ဘူး


တော်ဝင်နန်း
ခု
အချိန်မှာ
မင်းလည်း ဇီးရိုး
ငါလည်း ဇီးရိုးပဲ
ဇီးရိုးနဲ့ဇီးရိုး
ပေါင်းရင်
ဇီးရိုးပဲ
. . ရ . .
လိမ့်
မယ်
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ငါက

“ 100 ”
လိုချင်တာ
အဲ့ဒီတော့ မင်း
ငါ့ကို
သက်သေ
တစ်
ခု
ပြဖို့
လိုတယ်
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

မင်း
ငါ့ကို
တစ်ကယ်
ချစ်တယ်ဆိုရင်
အနည်းဆုံး
“ 50 ”
ဖြစ်
အောင်တော့
ကြိုးစားပေးပါ
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

ချစ်
သူ
ငါလည်း
“ 50 ” ဖြစ်အောင်

ကြိုးစားပေးမယ်
နှစ်ယောက်ပေါင်းလို့
“ 100 ” ပြည့်နိုင်တဲ့
နေ့တစ်နေ့
ငါတို့
ပြန်
ဆုံ
ကြ
တာ
ပေါ့
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။။ ။ ။။။ ။ ။ ။ ။။

တော်ဝင်နန်း






ချစ်
သူ
ငယ်ချင်း

ဆောင်း
နှင်းတွေ
ဝေတဲ့
ရာ
သီ
တောင်
ရောက်ခဲ့ပြန်ပြီ


ဒီ
လို
ဆောင်း
မျိုး
မှာ

နှစ်ကိုယ်တူ
လျှောက်လှမ်းခဲ့

ငါတို့လမ်းကလေးလည်းပကတိအတိုင်းရှိနေမြဲ

ငါ
ရေး
တဲ့
စာ

ငါ
ပေးတဲ့
ကဗျာတွေ
နင့်ထံမှာရှိသေးရဲ့လား

ဒါမှမဟုတ်ဆုတ်ဖြဲလို့ရေစုန်မျှောလိုက်ပြီလားဟယ်

ကျန်
ရစ်
ခဲ့
အ
တိတ်
ခန်း

လွမ်း
တ,သသနဲ့ချန်ရစ်
အချစ်ကမ်းတဲ့နင့်ရဲ့လက်

ရက်ရက်စက်စက်နဲ့ငါ့ကိုထားရစ်လေခဲ့

သူ
ငယ်
ချင်းရေ

၁
၅
ဝ
ဝ
ချစ်ခြင်း

ပူလောင်ခြင်းအဓိပ္ပာယ်သက်ရောက်
ငါနောက်ခဲ့တာမဟုတ်ပါဘူး

တကယ့်ကိုမချစ်စေချင်ခဲ့တာပါ

တစ်
နွေကူး
တစ်မိုးနှောင်း

တစ်ဆောင်းသာသစ်ပြန်တယ်

နင့်
အ
ပေါ်မှာ
ထားရစ်
ငါ့ရဲ့ချစ်ခြင်းသံယောဇဉ်က

မလျှော့ပါးမပျက်ပြယ်ပဲအမြဲတည်တံ့ခိုင်မာနေရဲ့

စိတ်
ဆိုး
ရင်း
ငြင်းခုန်
စိတ်
ပြေ
တော့
ပြန်ချော့

နောက်တော့လည်းပြန်ချစ်

၅
၂
၈

ချစ်ခြင်းတွေ

နင်မှတ်မိသေးရဲ့လား

သဒ္ဒါ
တွေ
ပြည့်ဝ
မေတ္တာ
ဘာသာဗေဒဟာ

အဓိပ္ပာယ်နက်ရှိုင်းလွန်းပါတယ်

ဒါ
ကြောင့်
စမ်း
တ
ဝါး
ဝါး
နဲ့
နင့်ကို

လမ်းရွှေးမမှားစေချင်တာငါ့ရဲ့စေတနာအရင်းခံပါ

သူ
ငယ်
ချင်းရယ်

အ
တိတ်
ဟောင်း
ဆိုတာ
မေ့ကောင်းတဲ့
အရာမဟုတ်တာမို့

နင်သတိမရရင်လည်းရှိပါစေ

ငါ
တစ်
ယောက်
တည်းသာ

အ
တူတူ
လျှောက်
လှမ်းဖူးတဲ့
လမ်းကလေးထဲ
အထီးကျန်စွာ
လျှောက်
လှမ်း
ရင်း

အမှတ်တရ
ရက်စွဲတွေအတွက်
ရောင်စဉ်တွေမရောယှက်
မေတ္တာကွက်လပ်
တစ်နေရာမှာ
အဖြူထည်သက်သက်နဲ့နင့်ကိုလွမ်းနေမြဲပါကွယ်


(၃၁.၁၂.၂၀၀၉.)
ညနေ (၂း၁၀) ။
ကြာဿပတေးနေ့။

တော်ဝင်နန်း
အို ညီမငယ်. . .
ဘ၀ခရီးလမ်းတစ်လျှောက်မှာ
အပေါင်းအသင်းများစွာ
တွေ့ကြုံရဦးမယ်. . .
သူငယ်ချင်းဆိုတာ
မင်းပျော်တဲ့အခါ
အလိုလိုဝမ်းသာပြီး
ပူဆွေးသောက
မင်းခံစားရသမျှကို
အတူဝေမျှ
ရင်ဆိုင်ကြဖို့
နားလည်မှုရကြသူတွေဖြစ်လိမ့်မယ် . . . ။

ညီမငယ် . . .
အပေါ်ယံလူတွေကိုသတိထား
နှုတ်ဖျားကစကားချိုချို
ဓါးးသွားလိုစူးရှတတ်တယ်။
အာရုံငါးပါးနဲ့ မြင်- သိ- ကြား သမျှ
(အမြဲတမ်းတော့)
အမှတ်တရားမဟုတ်တတ်ဘူး . . .။

လူနဲ့လူချင်း ပေါင်းသင်းကြတဲ့အခါ
ဟန်ဆောင်အပြုံးနောက်ကွယ်က
မလိုတမာအမုန်းတွေကို
ဘာနဲ့များ တားဆီးနိုင်မလဲ ? ? ?
ပေးမလိုနဲ့ ယူသွားတတ်ကြ
ကိုယ့်ဖို့ကြည့်သူများ
လောကမှာများလွန်းတော့
ဘယ်အရာကိုမှ ပုံသေမှတ်လို့မရဘူးနော် . . . ။

ညီမငယ်. . .
မိုးမြင့်တောင်ထွဋ်က
နှင်းရည်တစ်စက်လို
နှလုံးသားတစ်ခုကိုဖြူစင်စေဖို့
ပင်ပန်းကြီးစွာလျှော်ဖွတ်ရမယ့်အရာဟာ
“ကိုယ်ကျင့်တရား” ပဲ ဖြစ်လိမ့်မယ်။


မင်းရဲ့အကို.........