ချစ်သူသာပါမယ်ဆိုရင်
ရည်ရွယ်ချက်တွေကိုရှေ့တန်းတင်
ယုံကြည်ချက်တွေကို ဆုတ်ကိုင်ထားမယ်
တောင်းတတဲ့ အရာမှန်သမျှ မရရအောင်
ဖြစ်ချင်တာကိုလည်း အားမာန်ခဲပြီး
နှလုံးသားရဲ့တောင်းဆိုချက်ကို ဖွင့်အန်ချပြီး
ကြုံလာမဲ့ အခက်ခဲမှန်သမျှကို လမ်းခင်းလျှောက်မယ်
ဘယ်လောက်ကြမ်းတမ်းပါစေ။
ခံစားရမဲ့ ဝေဒနာတွေကို မျက်ရည်မကျအောင်
အတိတ်ကိုထားခဲ့ပြီးမှာ့
ချစ်သူ
လင်းလက်နေတဲ့ အနာဂတ်ကို
အတူလျှောက်လှမ်းရအောင်လား..
2 comments:
သိတ်ချစ်တတ်တဲ့ချစ်သူကကို အမြဲဘေးနားမှာ အားပေးနေမှာပေါ့...
ဒီလိုသာ..အတူလျှောက်လှမ်းမယ့်သူသာရှိရင်
(ဘ၀မှာ)ဘယ်လောက်ပဲ.ခက်ခဲကြမ်းတမ်းနေပါစေ
(ပြုံးပြုံးလေးနဲ့)လျှောက်လှမ်းနိုင်မှာ
အသေအချာပါပဲကွယ်
(အဲလိုချစ်သူမျိုးက.ကိုယ့်အတွက်ဆို
ဘေဘီဗိုက်တာထက်တောင်ကောင်းသေးးP)
ချစ်ရသူနဲ့အတူ ပျော်ရွှင်ဖွယ်"ရတု"ပေါင်းများစွာကို
ပိုင်ဆိုင်ပါစေရှင် (ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်)
ချစ်ခင်စွာဖြင့်
မိစံ
Post a Comment