အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်းလို့
နားလည်းထားတဲ့
ကျွန်မဟာ
ကိုကိုနဲ့ ကျမှ
ပေးဆပ်ခြင်းတွေဖြစ်နေတယ်
ဒီမှာ ကိုကို
မာနဆိုတာ
လူတိုင်းမှာရှိ
အားလုံးကသိ
သိလျှက်သားနဲ့
နောင်ဖွဲ့ကြိုးမဲ့
မုန်းမေ့တတ်ရင်
ချစ်တဲ့သူကိုမလွမ်းနဲ့ပေါ့
ဒို့ကတော့လေ
ငိုမနေဘူး
သဲဦးချွေဖြတ်
ချစ်သူနှုတ်ဆက်လျှင်
ရင်ထဲမာန
ခေါင်းမော့ပြလို့ရတယ် ကိုကို
မလွမ်းလောက်ပါဘူး
ဘ၀ရဲ့တိုက်ပွဲမှအပြန်
တစ်ခဏလေးတောင်မနားရခင်
ချစ်သူကချန်ထားတဲ့စာချွန်လွှာကိုဖတ်နေမိ
ငွေတောင်ပြည်ကိုလိုက်ခဲ့ပါတဲ့
ချစ်သူကိုအချစ်ကြီးချစ်ခဲ့တဲ့
ခေတ်သစ်မင်းသမီးလေးကျမ
အချစ်ဇောနဲ့ အပြေးလေးရောက်ခဲ့
ဒါပေမဲ့
ထင်ထားသလိုမဟုတ်ခဲ့
ဟုတ်ခဲ့တာတွေလဲမထင်ချင်တော့ပါ
ငါထက်အရင်လူတွေစည်ကားနေကြပြီး
အဆောင်အယောင်အသစ်တွေနဲ့
တစ်မူထူးခြားတဲ့နယ်မြေသစ်မှာ
ချစ်သူလးရေ
ကျမလေ သိမ်ငယ်စွာနဲ့
နှုတ်မဆက်ဘဲပြန်လှည့်လာခဲ့တယ်
မင်းနဲ့စတွေ့ခဲ့တဲ့ ရေကန်လေးလဲ
ဂယက်ထန်ရေကြည်နှောက်သလို
စိမ်းလန်းခြင်းနဲ့ပြည့်စုံခဲ့တဲ့
ကြာမျိုးငါးပါးတို့သည်လဲနွမ်းရော်ပြီး
ကန်ရေလဲခမ်းခြောက်စပြုပြီးကွယ်
အရာရာတိုင်းမှာမင်းရဲ့အငွေ့အသက်မကင်းတဲ့
ဟောဒီရေကန်နဘေးမှာထိုင်စောင့်ရင်း
တိမ်ကောသွားလို့ကန်ပျက်သွားရင်တောင်
မင်းနဲ့အတူထိုင်ခဲ့တဲ့ကန်ဘောင်ပေါ်ကထိုင်ခုံလေးမှာ
မင်းအတွက်တစ်နေရာစာဖယ်ထားကာ
လွမ်းရင်း လွမ်းရင်းစောင့်နေမယ်
မင်းလေးပြန်ရောက်လာနိုင်မယ့်တစ်ရက်ရက်ကို
မျှော်လင့်စောင့်စားရင်းနဲ့ပေါ့
မာန်ပြိုင်သူတို့ရဲ့အလဲထိုးစီးချင်းပွဲမှာ
ကြားအညှပ်ခံရတဲ့ကျုပ်ကို
ပုဒ်မ အစုံတပ်ပြီးစီရင်ချက်ချဘို့
လက်မရွံ့ တယူသန်သမားတွေက
အကွက်လှလှဆင်ပြီးအသုံးချနေတာ
သူတို့ရည်မှန်းတဲ့အောင်ပွဲတစ်ခုဆီကိုပေါ့။
စွတ်စွဲခြင်းရဲ့ နှိမ့်ချခြင်းအောက်မှာ
မတွန်းလှန်ဒါဏ်မပြန်ချင်
ရှင်းချက်ပေးလို့ထုချေလွှာတင်လည်း
သူတို့တစ်သိုက်က လက္ခံမှာတဲ့လား?
ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းအဖြေလို့
မှတ်ယူကာကျေနပ်ပီတိဖြစ်နေသူလည်းရှိမှာဘဲလေ
ကျုပ်ကလွဲပြီးဒီအမှန်တရားကို
ဘယ်သူပိုသိမှာလဲ?
အပြုသဘောဆောင်ခြင်းနဲ့
အပျက်သဘောဆောင်နေခြင်းကို
ခွဲခြားမသိနိုင်တဲ့လူတသိုက်အတွက်
စည်းလုံးရေးလား?
စည်းပြားရေးလား?........ဆိုတာ
သိကြရဲ့လား?.......ဆိုတာနားလည်မှာထက်
ဦးချိုထက်လား?
အစွယ်ထက်လား?......ဆိုတာဘဲသိကြမှာပေါ့။
ကုဗစင်တီမီတာတစ်ထောင့်ငါးရာမပြည့်တဲ့
ဦးနှောက်တွေနဲ့
အမျိုးသားရေးဟစ်ကြွေးရဲတဲ့
မာန်ကြွတဲ့သူတို့ရေ...........။
အုတ်တစ်ချပ်တည်းနဲ့ဘုရားတည်ဘို့
စိတ်ကူးတွေရူးသွပ်လွဲမှားနေတာလား?
ပညာရှိသတိဖြစ်ခဲနေတာလား?
နိုင်လိုချင်လို့ အတင်းဗုံးတွေကျဲနေတာလား?
ပုဂ္ဂိုလ်ရေးအဆင်မပြေသူတွေရဲ့သတင်းအချက်အလက်တွေနဲ့
လူတောင်မသိတဲ့ကျုပ်ကို ရန်ငြိုးဖွဲ့ပြီး
ထင်ရာစိုင်းတတ်တဲ့ခင်ဗျားတို့ရဲ့ အမူအကျင့်တွေက
ကျုပ်တို့ကိုဦးဆောင်မဲ့မျိုးချစ်တွေလား?
ဦးရှောင်မဲ့မျိုးညစ်တွေလားဆိုတာ
နားလည်နိုင်သွားတဲ့တစ်နေ့..........။
ကျုပ်ကို
ခင်ဗျားတို့လှေနံဓါးထစ်စွတ်စွဲခဲ့တာတွေ
လူမှားနေပြီဆိုတာ
ကျုပ်ရှင်းစရာမလိုတော့ဘူးပေါ့။
နားယောင်ပါးယောင်
၊စကားလာမဖောင်မနေနဲ့
၊ငါတို့စေတနာ၊
ငါတို့ နှလုံးသားက ပြန်ကြားတတ်ဖို့လိုတယ်
။အမှန်တ၇ား ဆိုတာ
အေ၇ှ့ကထွက်ပြီး
အနောက်မှာ ကွယ်ဝင်သွားတဲ့
နေလုံးကြီးမှမဟုတ်တာ။
ဘယ်သူ မှားတယ်မပြောနဲ့၊
ဘယ်သူမှ့ မမှားဖို့လိုတယ်။
မင်းအိတ်ကပ်ကို မင်းပြန်ကြည့်၊
လွတ်လပ်မူ့
ဘယ်လောက်များများ ထည့်နိုင်ပြီလဲ
။ကိုယ်သခင် ပြန်ဟောင်တတ်တဲ့ ၊
ခွေးမျိုးတော့ ငါမမွေးချင်ဘူး။
၊စကားလာမဖောင်မနေနဲ့
၊ငါတို့စေတနာ၊
ငါတို့ နှလုံးသားက ပြန်ကြားတတ်ဖို့လိုတယ်
။အမှန်တ၇ား ဆိုတာ
အေ၇ှ့ကထွက်ပြီး
အနောက်မှာ ကွယ်ဝင်သွားတဲ့
နေလုံးကြီးမှမဟုတ်တာ။
ဘယ်သူ မှားတယ်မပြောနဲ့၊
ဘယ်သူမှ့ မမှားဖို့လိုတယ်။
မင်းအိတ်ကပ်ကို မင်းပြန်ကြည့်၊
လွတ်လပ်မူ့
ဘယ်လောက်များများ ထည့်နိုင်ပြီလဲ
။ကိုယ်သခင် ပြန်ဟောင်တတ်တဲ့ ၊
ခွေးမျိုးတော့ ငါမမွေးချင်ဘူး။
မဟုတ် မခံ..
အမှန် မြတ်နိုး..
စွဲစွဲမြဲမာန်..
တို့သွေး မှန်၇င်..
တို့မျိုး ချစ်၇င်..
တို့အသက်..
တို့စတေး..ဝန်မလေးကြစို့ကွယ်..
ညီနောင်တို့၇ယ်..။
နိမ့်သူ သနား..
ဖိသူ အန်တု..
အခွင့် အေ၇းမတူကာ..
တူအောင် တုလို့..
ဒင်းလား မိစ္ဆာ..
ဒင်းလား စစ်၇ူး..
ဒင်းလား အာဏာ..
အသက်ကို အသက်ချင်းထပ်
မကြောက်မ၇ွံ...
နောက်မတွန့်စတမ်း..
၇ာဇဝင်မတွင်..
မော်ကွန်းမဝင်လည်း..
ဇွဲကပင်အတွက်..
အသက်ကို မဖတ်..
၇ဲရဲ သေရဲ..
၇ဲ၇ဲ တောက်၇ဲ.့.
၇ဲတဲ့ ဇာနည်..
တို့အမျိုးဇာနည်..
လက်ချင်းဆက်လို့
အသက်ချင်းထပ်လိုက်မယ့်
၇ဲတဲ့ အာဇာနည်သွေး.။။။။။။။။။။။။။
Subscribe to:
Posts (Atom)