မွေးရပ်မြေ ဇွဲကပင်သို့
အလည်တခေါက်ပြန်ရောက်ချင်တယ်
မပြန်ဖြစ်တဲ့အကြောင်းကတော့
မြင့်မားတဲ့ပန်းတိုင် လျှောက်လှမ်းဖို့ရည်ရွယ်


ကိုယ့်နိုင်ငံ မတိုးတက်တော့
သူများနိုင်ငံမှာ မျက်နှာငယ်နဲ့
အနိမ်ခံရတာမဆန်းပါဘူး။

ရည်ရွယ်ချက်တွေ ယုံကြည်ချက်တွေ
မပျောက်ဆုံးချင်လို့
ရတာကို မလို လိုတာကို မရပေမဲ့
ဖြစ်ချင်ရာဖြစ်တော့ ဘဝကိုရေစုန်မမျောချင်ဘူး။

နိမ့်ပါးလွန်းနေတဲ့အချိန်မှာ
တွန်းလှန်ဖို့မကြိုးစားချင်ဘူး
ကိုယ့်ခရီးကိုယ်လျှောက်
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံးပါ။

ပြန်ရမဲ့ ရက်တွေကိုရည်တွက်
လက်မညီတဲ့အင်အားနဲ့
ကြိုးစားကြိတ်မှိတ် အတိတ်ကိုထားခဲ့
ရတဲ့သင်္ခန်စာ မေ့မသွားရအောင်
ပင်ပန်းလိုကျတဲ့ချွေးတွေ...............
အဝေးကအမေ သိစေချင်တယ်....
အ၇ူံးဆိုတာ၇င်ဆိုင်၇တိုင်း..
ငါ လဲကျခဲ့၇င်..
ဒီနေ့ ငါ ဆိုတာမ၇ှိတော့ဘူး...
မင်းကြည့်လိုက်စမ်းး
ငါနောက်မှာ..
ငါလျှောက်ခဲ့တဲ့ လမ်းမှာ....
ငါ ၇ိုက်ချိုးခဲ့တဲ့....
ဒုက္ခတွေ ...ဒုက္ခတွေ..
အလဲလဲအပြိုပြို....

သွေးတိုးစမ်းတိုင်း...
ငါ ကြောက်၇မယ်ဆို....
ငါဆိုတာ မွေးဖွားမလာဘူး..
မင်းကြည့်လိုက်စမ်း...
လျှောက်ခဲ့တဲ့ လမ်းမှာ..
အမှန်တ၇ားတွေပဲ...
မွေးဖွားခဲ့တာ..
မျှော်လင့်ချက်တွေပဲ..
နဲ့
ငါ၇ှင်သန်ခဲ့တာ..
ငါပျိုးထောင်ပြုစု..
ဖူးပွင့်လာတဲ့ပန်းတွေ..
မင်းတို့ မှ မမွေးကြူတတ်ခဲ့တာ..။

တစ်ဆိုတဲ့ ကိန်းဂဏန်းကို...
မြင်၇ုံနဲ့ငါ
အားငယ်တတ်ခဲ့မယ်ဆို...
ဟောဒီ သုည ထဲက...
ငါခွဲမထွက်ခဲ့ဘူး....


မင်းကြည့်လိုက်စမ်း..
ငါေ၇းခဲ့တဲ့...
စာမျက်နာတွေပေါ်မှာ..
ချစ်ခြင်းအပြည့်၇ှိတယ်..
ယုံကြည်မူ့အပြည့်၇ှိတယ်..
ခိုင်မာမူ့အပြည့်၇ှိတယ်..
...........................
ကဲ...
.....
လူဆိုတာ...
မျှောင်လင့်ချက်..
အနာဂတ်...အိမ်မတ်..
ယုံကြည်ချက်..နဲ့
ဖြတ်သန်းနေတာ...

မင်းယုံကြည်ချက်နဲ့..
မင်းမှန်သလို...
ငါ့ယုံကြည်ချက်နဲ့ငါ
အသက်၇ှင်သန်နေထိုင်နိုင်၇မယ်..
အတ္တကို ဘေးခဏချ...
သေးချားပြန်တွေး..
မင်း လုပ်တာမှန်သလို..
ငါလျှောက်နေတာလဲ...
လမ်းမှား မဟုတ်ဘူးဆိုတာ..
မင်း တွေးကြည့်ဖို့ကောင်းတယ်..။

သူငယ်ချင်းတို့ေ၇...
မေတ္တာတ၇ားမ၇ှိ၇င်
ငါတို့ ၇ပ်တည်မူ့က..
အလကားပဲလေ....။


လွဲချော်မှုလား
မင်းဆီမှာဆို နေ့
ငါ့ဆီမှာလေ ည
လွဲချော်မှုတွေက
အဲဒီကနေ စခဲ့တာလား

မင်းကလည်း ကမ္ဘာဟိုတစ်ဘက်ခြမ်း
ငါကလည်း သည်မှာဘက်ကမ်း
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက
ဒီလိုပဲ တစ်ခန်းရပ်တော့မလား
အကြိမ်ကြိမ်လွဲမှားနေရခြင်းထက်

ဒီတစ်ခါ လွဲချော်မှုက
ငါ့ရဲ့ ရုပ်ခန္ဓာကိုသာ မက
စိတ်ကိုပါ ဒဏ်ရာတွေနဲ့
အနာတရ ဖြစ်စေမှာလား

ငါ ဝမ်းမနည်းချင်ဘူး
မင်းလည်း လွမ်းရဲပါ အခု
ငါတို့လျှောက်မယ့်လမ်းက
လွဲချော်နေမှုဆိုရင်လည်း
ရင်ဘတ်ထဲက နှလုံးသားတွေနဲ့
ငါတို့တွေ ရင်ဆိုင်ရဲကြစို့နော်....
ငြိမ်သက်နေတဲ့ကန်ရေပြင်ထက်

ငါ့နှလုံးသားမှာလှိုင်းဂယက်တွေထန်ခဲ့

မင်းလေးနဲ့ဆုံခဲ့တဲ့သည်နေရာ

ငါအမြဲလိုလိုရောက်ခဲ့

မင်းပြောခဲ့တဲ့ပုဇွန်ဆီရောင်နေ၀င်ခါနီးချိန်

ငါလေအမြဲစောင့်ကြိုနေခဲ့

နေမင်းကြီးလဲ တာ့တာ ပြလို့

လမင်းကြီးလဲ ငါ့ကိုလှောင်နေပြီးလေ

မင်းချစ်သူရောက်မလာသေးဘူးလားတဲ့။

ကန်ဘေးနားကထိုင်ခုံလေး

ရာသီတွေအလီလီကြောင့်

စွေးစပြုနေပြီ ချစ်သူရေ

ဘယ်ဆီဝယ်မှန်းမသိတဲ့

ငွေတောင်ပြည်အရပ်ဆိုတာ

ကိုယ်လေမှန်းမျှော်ရင်း

ပုတ်တလုတ်ရဲ့  ကန်နှံဘေးမှာ

မင်းအတွက်ထိုင် ခုံလေး

ကိုယ်ဖယ်ပေးထားဆဲပါကွယ။်

မင်းရဲ့နှလုံးသားပင်လယ်ပြင်မှာ

ထွန်းလာတဲ့ ကျွန်းငယ်လေးလို

မာယာသောကလှိုင်းတွေနဲ့

ကျီစယ်ပုတ်ကစားရန်အတွက်

ငါလေ အဖြည့်ခံလူသားဖြစ်ခဲ့ရင်လဲ

ငါကျေနပ်တယ်ချစ်သူရယ်။

မင်းရဲ့အချစ် အင်ပါယာWeb မှာ

ငါလေ မင်းရဲ့ နှလုံးသားထောင့်တစ်နေရာက

Link ကလေးတစ်ခုသာဖြစ်ခဲ့တယ်ဆိုရင်လဲ

ငါကျေနပ်တယ်ချစ်သူရယ်

မင်းဘာလုပ်လုပ်ကျေနပ်ခွင့်လွတ်နိုင်တာ

မင်းကိုအရမ်းချစ်တယ်ဆိုတဲ့

ကိုယ့်ရဲ့ချစ်သက်သေပါကွယ်။

ခုတော့ ငါလေ ခြောက်ခြားတဲ့စိတ်တွေနဲ့

သစ်ရွက်တွေ တဖျပ်ဖျပ်ကြွေတိုင်း

အပြေးအလွှားနားစွင့်ကာ

မင်းရဲ့ခြေသံလေလား

ထင်ယောင်ထင်မှားစိတ်နဲ့

အထီးဆန်အလွမ်းသမားလေးရဲ့

နိုးတစ်ဝက်အိမ်မက်မှာ

ဓါးသွားထက်ကအချစ်ပျားရည်စက်ကို

ခုံမင်မြတ်နိုးရင်း

ကြေမွနေတဲ့ ငါ့ရဲ့နှလုံးသားတွေနဲ့

မင်းရဲ့အချစ်ကို တမ်းတမြဲ

တမ်းတနေလျှက်ပါ ချစ်တဲ့သူရယ်။





ဘ၀တစ်ခုရဲ့ ပန်းတိုင်မှာ

ချစ်သူနှစ်ဦးတို့ရဲ့  ဆုံမှတ်ပါတယ်

အဲဒီဆုံမှတ်ထဲမှာပန်းတိုင်ရှိသလို

ဘ၀တွေလဲရှိတယ်

သံသရာဆိုတဲ့စက်ဝိုင်းထဲမှာ

လူသားတွေဟာထွက်ပေါက်မရှိသလို

ငြင်းဆန်ခွင့်လဲမရှိဘူးတဲ့

ဖြစ်လာသမျှကိုဇါတ်စဉ်ပေါ်ကလိမ့်မကျအောင်

မီးစဉ်ကြည့်ပြီးကရတဲ့သဘောရှိတယ်ဆိုရင်

ကျဝ့်ရယ် ယမင်းရယ်လောကဓံကို

ကြံ့ကြံ့ခံလက်တွဲမဖြုတ်စတမ်း

ဒို့အမျိုးသားတွေရဲ့ လိုအပ်ချက်ကို

စွမ်းဆောင်ကြိုးစားရင်း

ဒို့နှစ်ယောက်ရဲ့ ရင်ထဲကမေတ္တာဓါတ်ခံတွေနဲ့

အပြန်အလှန်နားလည်မှုပေးယူကာ

သာယာဧအးချမ်းတဲ့ချစ်ကမ္ဘာကိုတည်ဆောက်ရင်း

ပန်းတိုင်များစွာကိုကျော်ဖြတ်မယ်

ကံကြမ္မာနဲ့သံသရာကိုမေ့ထားလိုက်ကြမယ်

၁ချစ်၂ချစ်၃၄ချစ်နဲ့ ရာထောင်၊သိန်း၊သန်း၊

ချစ်ပန်းတွေပွင့်လန်းနိုင်ဘို့

စက္ကန့်နဲ့အပြိုင်ချစ်နေမယ်
လှပတဲ့ အနာဂတ်ကို မကြိုချင်တဲ့သူရှိပါမလား

အနာဂတ်ကရော လှပဖို့ဆိုတာ သေချာပါမလား

တနေနေ့တော့

အဲဒီတနေနေ့ ဆိုတဲ့မျော်လင့်ချက်နဲ့

ဒို့ခုထိ ရှင်သန်နေတုန်းပါ .......

ချစ်သူ ရယ်

လွမ်းနေတဲ့ညတွေမှာ

မြင်စေချင်ခဲ့တာပါ

မင်းထားခဲ့တဲ့

အလွမ်းတွေလည်း

ငါရင်နဲ့တောင် မဆံ့တော့ပါဘူး

တနေနေ့ဆိုတဲ့.......
တောင်ပံတစုံရဲ့အားနဲ့
မင်းအနားငါရောက်လာချင်တယ်
တမြေစီဝေး ပြန်ဆုံမဲ့ရက်တွေတွေးရင်း
မင်းရင်လေးနေမလား?
အချစ်စစ်ရဲ့လမ်းမဖြောင့်တန်းသ၍
ခဏတော့လွမ်းနေရမှာပေါ့၊
အသိုင်းအဝိုင်းစကား ငါအရမ်းခါးတယ်
မတူညီတဲ့ဘဝ မပေါင်းစပ်ရဘူးတဲ့လား?
မိုက်မဲစွာချစ်ခဲ့ ခြင်းကပဲ
အပြစ်တစ်ခုဖန်ဆင်းမိသလို
ငါ့အတွက်မင်းလွမ်းနေသမျှ
ပြန်အစားရစေရမယ်ချစ်သူ၊
တစ်နေ့တစ်ရက် မေ့ရက်မရှိ
မင်းသိနေမလား?

အလိုမတူသူအောက်ငါဒူးမထောက်ခြင်ဘူးလေ
အချိန်တွေကိုစတေး
ဒို့နှစ်ယောက်မဝေးတော့ပါဘူး
ခဏလေးဆွေးနေပေးပါဦး
ချစ်သူရယ်