အဆုံးစွန်ဆုံးကိုချစ်တတ်သူတွေဟာ
အဆုံးစွန်ဆုံးဖြစ်လာသမျှကို
ခံနိုင်ရည်ရှိအောင်အားမွေးထားတတ်ကြတယ်
အဆိုးဆုံးအခြေအနေကိုလဲ
အကောင်းဆုံးဖြစ်အောင်ခွင့်လွတ်တတ်ကြတယ်
အမုန်းဆုံးအခြေအနေရောက်ရင်လဲ
အချစ်ဆုံးပြန်ဖြစ်မလာနိုင်ရင်တောင်
မေတ္တာမပျက်ဆက်ချစ်နိုင်ကြတယ်
အချစ်ဆိုတာ နှလုံးသားထဲကို
စူးဝင်သွားတဲ့မြှားတစ်စင်းလိုပဲ
သေရာပါအနှုတ်ခက်တဲ့အရာပါ
နာကျင်စွာခံစားနေရပေမဲ့
နှလုံးသားကမြှားကိုအနှုတ်မခံ
လက်ခံထားနေဆဲမို့
ချစ်သူရေ ဘာဘဲဖြစ်ဖြစ်
မင်းရင်ထဲကပါသည်ဖြစ်စေ
မပါသည်လည်းဖြစ်ပါစေ
မင်းဆိုပြတဲ့အသဲကွဲသီချင်းတစ်ပုဒ်နဲ့
အချစ်ဓါတ်ခံကြီးတဲ့ငါလေ
ငါ့ကိုယ်ငါ ငါမယုံကြည်တော့
ငါ့နှလုံးသားကတောင်းဆိုသံကို ငါပြန်ကြားနေရ
ချစ်မြဲချစ်လိုက်စမ်းပါတဲ့
ဦးနှောက်နဲ့နှလုံးသားကို
မလွန်ဆန်နိုင်တဲ့ ငါ့ရဲ့  ပါးစပ်
အလိုလိုနေရင်းလွတ်ကနဲပြောမိ
အရင်လိုချစ်နေဆဲပါချစ်သူရယ်...တဲ့

0 comments: