အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်းလို့
နားလည်းထားတဲ့
ကျွန်မဟာ
ကိုကိုနဲ့ ကျမှ
ပေးဆပ်ခြင်းတွေဖြစ်နေတယ်


ဒီမှာ ကိုကို
မာနဆိုတာ
လူတိုင်းမှာရှိ
အားလုံးကသိ
သိလျှက်သားနဲ့
နောင်ဖွဲ့ကြိုးမဲ့
မုန်းမေ့တတ်ရင်
ချစ်တဲ့သူကိုမလွမ်းနဲ့ပေါ့

ဒို့ကတော့လေ
ငိုမနေဘူး
သဲဦးချွေဖြတ်
ချစ်သူနှုတ်ဆက်လျှင်
ရင်ထဲမာန
ခေါင်းမော့ပြလို့ရတယ် ကိုကို
မလွမ်းလောက်ပါဘူး

3 comments:

စံပယ်ချို said...

ဒီမှာကိုကို
ကဗျာကောင်းလေးတွေပဲနော်..
ဒီက မမ လာဖတ်နေတာလေ
ရင်ထဲကမာနတွေနဲ့တော့
ခေါင်းမော့ပြမနေပါနဲ့တော့
ညောင်းမှာစိုးလို့ပါ။

Candy said...

မာနချင်းပြိုင် အနိုင်ယူတော့မယ် သဘောလားဟင်.. ကြောက်တောင်သွားတယ် .. :P

Thameesan said...

ကဗျာနာမည်လေးကိုက..တစ်မျိုးလေးပဲနော်
ရန်တွေ့နေတာနဲ့မတူပဲ.ကလေးဆိုးလေးတစ်ယောက်
သူ့အစ်ကိုကို..ချွဲနေတာနဲ့တူတယ်နော်း))
မလွမ်းလောက်ပါဘူးတော့..မလုပ်လိုက်ပါနဲ့ကွယ်
တနားပါရယ်းP
ပျော်ရွှင်ချမ်းမြေ့စွာ(...)နဲ့အတူ.
ဆက်လက်လျှောက်လှမ်းနိုင်ပါစေရှင်း)
ချစ်ခင်စွာဖြင့်