မဟုတ် မခံ..

အမှန် မြတ်နိုး..

စွဲစွဲမြဲမာန်..

တို့သွေး မှန်၇င်..

တို့မျိုး ချစ်၇င်..

တို့အသက်..

တို့စတေး..ဝန်မလေးကြစို့ကွယ်..

ညီနောင်တို့၇ယ်..။

နိမ့်သူ သနား..

ဖိသူ အန်တု..

အခွင့် အေ၇းမတူကာ..

တူအောင် တုလို့..

ဒင်းလား မိစ္ဆာ..

ဒင်းလား စစ်၇ူး..

ဒင်းလား အာဏာ..

အသက်ကို အသက်ချင်းထပ်

မကြောက်မ၇ွံ...

နောက်မတွန့်စတမ်း..

၇ာဇဝင်မတွင်..

မော်ကွန်းမဝင်လည်း..

ဇွဲကပင်အတွက်..

အသက်ကို မဖတ်..

၇ဲရဲ သေရဲ..

၇ဲ၇ဲ တောက်၇ဲ.့.

၇ဲတဲ့ ဇာနည်..

တို့အမျိုးဇာနည်..

လက်ချင်းဆက်လို့

အသက်ချင်းထပ်လိုက်မယ့်

၇ဲတဲ့ အာဇာနည်သွေး.။။။။။။။။။။။။။

2 comments:

နွေတေးရှင်(မင်းဧရာ) said...

ရဲစိတ်ရဲမာန် တွေဝင့်နေတဲ့ ကဗျာ လေးကို
ခံစားသွားပါတယ်ဗျာ ဇာနည့်သွေး ဆိုတာဒီလိုလေးမှ။

Anonymous said...

ထက်လိုက်တဲ့.ကလောင်သွား
မျိုးချစ်စိတ်အပြည့်ပါလားကွယ်
အားလုံးပဲချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့
အမျိုးဘာသာ၊သာသနာကို
ကာကွယ်စောင့်ရှောက်ကြပါစို့....
ချစ်ခင်စွာဖြင့်
မိစံ