ဘဝကို အရှုံးပေးသွားတဲ့ သူငယ်ချင်းတယောက်အတွက် အမှတ်တရ


..ငါ့၇ွက်ကို ငါလွင့်..
ငါ့အားနဲ့ငါလှော်ခတ်...
ငါ ကူးခတ်ခဲ့တာ..
သုံးချိုးတစ်ချိုး..
ခ၇ီးတစ်ခုေ၇ာက်ခဲ့ပြီ...

တစ်ချို့နေ့တွေ
သာသာယာယာ
ကောင်းကင်တစ်ခုလုံး..
အပြာေ၇ာင် တောက်တောက်
အဲဒီနေ့တွေဆို...
ငါ မျက်လုံးအမြင်တွေ အေးချမ်းစေတယ်..

ငါ ၇ွက်ပေါ် ငါလှဲလျောင်း..
လေညှင်းဖြူးဖြူး...
မဟူ၇ာ ည၇င်ဘတ်ပေါ်က
နတ်သားလေးတွေ၇ဲ့
အေ၇ာင်တောက်တောက်
မျက်လုံးလေးတွေ
ငါေ၇တွက်ကြည့်တယ်..
၇င်ခုန်လိုက်တာ...

ဒီလိုနေ့တွေလဲ
ငါတို့ကျော်ဖြတ်၇တာပဲ..။

ခြေသံမကြား.အသံမပေး..
လှိုင်းလုံးတွေက
သူ့အား၇ှိသလောက်
၇ိုက်ခတ် ကျီစယ်..
တချို့၇ွက်တိုင်တွေကျိုးပဲ့
တချို့ ၇ွက် တွေ စုတ်ပြဲ...
ကိုယ့်အားနဲ့ ကိုယ်ပြန်ထူ
တစ်ပေါက် ပေါက်တိုင်း..
တစ်ပေါက်ပြန်ဖာ...
ဒီလိုနဲ့ သူ့၇ဲ့ ကျီစယ်မူ့အောက်
မနစ်မြုပ်ဖို့...ကြိုစား၇င်..
၇ွက်တစ်ခုံးလုံး..
အဖာအထေး..ဗ၇ပွနဲ့...
ဂုဏ်ယူလိုက်စမ်းပါ...
ဒါတွေက..
မင်း ၇င်ဆိုင်နိုင်ခဲ့တဲ့
အမှတ်သား ဆုတံဆိပ်...
မင်းမြတ်နိုးလိုက်စမ်းပါ...။

ဒီမှာ...

မင်းလဲ ၇ွက်ဖွင့်..
ငါလဲ ၇ွက်လွင့်...
ဒီပင်လယ်ကြီး၇ဲ့ ၇င်ဘတ်ကြီးပေါ်
ခုန်ပေါက်ဖြတ်သန်း လိုက်စမ်းပါ..
သူ့ကိုတော့..
ဒူးမညွတ်နဲ့...
မင်းကို စုန်စုန်မြုပ်ဆွဲနစ်ချသွားမယ်။
သတိထား..။

ကြည့်၇င်း ကြည့်၇င်း..
အားပေး၇င်း..
အားယူ၇င်း....
ငါ့နဘေးကမင်း
ပြန်အလှည့်ကြည့်မှာ...
မင်းဖြတ်သန်းခဲ့တဲ့ခြေ၇ာတောင်
ငါမမြင်၇တော့ဘူး....။

မင်းကိုပြောဖို့..
ငါမေ့သွားတယ်...
သူငယ်ချင်း...
ပင်လယ်ဖြတ်သန်း၇င်
လှိုင်းလုံးတွေ ၇ှိတယ်ဆိုတာ...။
ဘာကြောင့် လွယ်လွယ်နဲ့
အ၇ူံးပေး...
မင်းခုန်ဆင်းလိုက်တာလဲကွာ..
ဒီမှာ သူငယ်ချင်း..
မင်းမမြင်လိုက်တဲ့
ငါ့၇ွက် ပေါ်က အဖာအထေး
အနာဗ၇ဗွနဲ့။

ဒီ၇ွက်နဲ့...
ဒီပင်လယ်
ငါကတော့ ဘယ်တော့မှ
အ၇ူံးမပေးဘူး...။..

3 comments:

Thameesan said...

“အခက်အခဲဆိုတာ...
ဘ၀ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့
စည်းစိမ်ဥစ္စာ”တဲ့
လုံးဝမဖြစ်နိုင်ဘူးဆိုရင်တောင်
နည်းနည်းလေးတော့ရအောင်လုပ်ကြည့်မယ်
ဆိုတဲ့ စိတ်ဓာတ်လေးကို
တတ်နိုင်သမျှပိုးမွေးသလိုမွေးနေပါတယ်း)
ကဗျာရှင်ရဲ့စိတ်ဓာတ်ကိုလည်းအရမ်းလေးစားပါတယ်
အတုယူသွားပါတယ်......
ချစ်ခင်လေးစားစွာဖြင့်

mstint said...

သောကမုန်တိုင်းကြားမှာ ဦးတည်ချက်မပျောက်ပျက်အောင်
လှေကလေးကို ပင်ပန်းနွမ်းနယ်တဲ့ကြားက
လှော်ခတ်နေရသူအတွက် ကမ်းစပ်ဆိုတာ လက်တစ်ကမ်းမှာပါ ညလေးဖြူရေ။
စိတ်ဓာတ်လေးကို လေးစားပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

nyalayphyu said...

ကျေးဇူးတင်ပါတယ် အင်ကြင်းကိုလာအားပေးကြလို့