အို ညီမငယ်. . .
ဘ၀ခရီးလမ်းတစ်လျှောက်မှာ
အပေါင်းအသင်းများစွာ
တွေ့ကြုံရဦးမယ်. . .
သူငယ်ချင်းဆိုတာ
မင်းပျော်တဲ့အခါ
အလိုလိုဝမ်းသာပြီး
ပူဆွေးသောက
မင်းခံစားရသမျှကို
အတူဝေမျှ
ရင်ဆိုင်ကြဖို့
နားလည်မှုရကြသူတွေဖြစ်လိမ့်မယ် . . . ။

ညီမငယ် . . .
အပေါ်ယံလူတွေကိုသတိထား
နှုတ်ဖျားကစကားချိုချို
ဓါးးသွားလိုစူးရှတတ်တယ်။
အာရုံငါးပါးနဲ့ မြင်- သိ- ကြား သမျှ
(အမြဲတမ်းတော့)
အမှတ်တရားမဟုတ်တတ်ဘူး . . .။

လူနဲ့လူချင်း ပေါင်းသင်းကြတဲ့အခါ
ဟန်ဆောင်အပြုံးနောက်ကွယ်က
မလိုတမာအမုန်းတွေကို
ဘာနဲ့များ တားဆီးနိုင်မလဲ ? ? ?
ပေးမလိုနဲ့ ယူသွားတတ်ကြ
ကိုယ့်ဖို့ကြည့်သူများ
လောကမှာများလွန်းတော့
ဘယ်အရာကိုမှ ပုံသေမှတ်လို့မရဘူးနော် . . . ။

ညီမငယ်. . .
မိုးမြင့်တောင်ထွဋ်က
နှင်းရည်တစ်စက်လို
နှလုံးသားတစ်ခုကိုဖြူစင်စေဖို့
ပင်ပန်းကြီးစွာလျှော်ဖွတ်ရမယ့်အရာဟာ
“ကိုယ်ကျင့်တရား” ပဲ ဖြစ်လိမ့်မယ်။


မင်းရဲ့အကို.........

0 comments: