လွဲချော်မှုလား
မင်းဆီမှာဆို နေ့
ငါ့ဆီမှာလေ ည
လွဲချော်မှုတွေက
အဲဒီကနေ စခဲ့တာလား
မင်းကလည်း ကမ္ဘာဟိုတစ်ဘက်ခြမ်း
ငါကလည်း သည်မှာဘက်ကမ်း
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက
ဒီလိုပဲ တစ်ခန်းရပ်တော့မလား
အကြိမ်ကြိမ်လွဲမှားနေရခြင်းထက်
ဒီတစ်ခါ လွဲချော်မှုက
ငါ့ရဲ့ ရုပ်ခန္ဓာကိုသာ မက
စိတ်ကိုပါ ဒဏ်ရာတွေနဲ့
အနာတရ ဖြစ်စေမှာလား
ငါ ဝမ်းမနည်းချင်ဘူး
မင်းလည်း လွမ်းရဲပါ အခု
ငါတို့လျှောက်မယ့်လမ်းက
လွဲချော်နေမှုဆိုရင်လည်း
ရင်ဘတ်ထဲက နှလုံးသားတွေနဲ့
ငါတို့တွေ ရင်ဆိုင်ရဲကြစို့နော်...

0 comments: